ထင်ရှားတဲ့အဖြစ်အပျက်တွေ
ထင်ရှားတဲ့ အချက်အလက်တွေကို
မပျောက်မပျက်အောင်
ရေရှည်တည်တံ့ပြသနိုင်ရန်
ဖွဲ့စည်းထားတဲ့ နေရာတစ်ခုပါ
ကျွန်မတို့လူသားတွေမှာလဲ
အချစ်နဲ့ပတ်သတ်လာရင်
အထင်အရှားတည်ရှိတဲ့
ပြတိုက်လေးတစ်ခု ကိုယ်စီ
ရှိကြပါတယ် ကဲအခုကျွန်မရဲ့
နှလုံးသားခံစားချက်ပြတိုက်
ပြတိုက်လေး အတွင်းသို့ဝင်ရောက်
လေ့လာတည်းဖြတ်နိုင်ရန်
ကဗျာချစ်တတ်သူတွေကို
ဖိတ်ခေါ်ပါတယ်
မိုးမမ
No comments:
Post a Comment