ချစ်သူရဲ့ရင်ခွင်ဟာ
ပြတိုက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ကျွန်မဟာ အဲဒီပြတိုက်ထဲမှာ
တစ်သက်လုံးလှောင်ပိတ်ခံ
သိမ်းဆည်းခံမယ့် အဖိုးထိုက်
ရတနာတစ်ပါး
ဖြစ်ခွင့်ရချင်ပါတယ်
ဒါပေမဲ့
တန်ဖိုးကြီးတဲ့
ရတနာတိုင်းမှာ ထိုက်တန်တဲ့
ကျိန်စာတစ်ခုတော့
ရှိစမြဲပါနော့်
မိုးမမ
No comments:
Post a Comment